ရခိုင်ပြည်နယ် မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ နံနက်တွင် ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ဗုံးလာကြဲခြင်းဖြစ်သည်ကြောင်း ဖော်ပြသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အရပ်သားပြည်သူများ၊ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လူဦးရေမည်မျှ ဒဏ်ရာရရှိသည်ကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။
ယင်းဆေးရုံသည် ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက်ဆေးရုံတစ်ရုံဖြစ်ကြောင်း AA က ဆိုသည်။









စစ်ကောင်စီတပ် ရခိုင်ပြည်နယ်တွင် တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက် စခန်းများ စွာနှင့် မြို့များ အသိမ်းခံရပြီးနောက် လေကြောင်းဖြင့်တိုက်ခိုက်မှုများကို ဆက်တိုက်လိုက်ဆောင်လာကြောင်း ဖော်ပြသည်။
ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း ရမ်းဗြဲမြို့နှင့် အနီးဝန်းကျင် လေကြောင်းဖြင့် တိုက်ခိုက်ခံရပြီး ဆေးရုံ၊ စျေးနှင့် လူနေအိမ်များ ပျက်စီးကြောင်း AA က ထုတ်ပြန်ထားသည်။