BREAKING
April 21, 2025

မြိတ်တွင် သုံးဘီးဆိုင်ကယ် ယာဉ်လိုင်း စတင်ပြေးဆွဲ

January 27, 2021

မြိတ်တွင်သုံးဘီးဆိုင်ကယ် ယာဉ် လိုင်းအသင်းစတင်ဖွဲ့စည်း လိုက်ပြီး နေရာရှစ်ခုတွင် ဂိတ်ထိုးကာ စတင်ပြေး ဆွဲနေပြီဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ရွှေပျံလွှားအဆင့်မြင့် သုံးဘီးယာဉ် လိုင်းအသင်းဟု အမည်ပေးထားသည့် ယင်းအသင်းကို ဂွတ်ဘရားသား စက်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီမှ ဦးဆောင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ခရီးသည် အသွားအလာများသည့် မြိတ်အဝေးပြေးကားဝင်း၊ မြို့သစ်ယောကြီးဝတံတား၊ နောက် လယ်အမှတ်(၁) လှေဆိပ်၊ ဆိပ်ငယ် တံတား၊ ပြည်သူ့ဆေးရုံကြီး၊ ကလေး ဆေးရုံ၊ လေဆိပ်နှင့် မြိတ်ဈေးဝယ် စင်တာတို့တွင် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မြိတ်ဒေသ တာဝန်ခံ ဦးဇာနည်ဦး ကပြောသည်။

လက်ရှိအချိန်တွင် သုံးဘီးယာဉ် ၁၅ စီးဖြင့် စတင်ပြေးဆွဲနေပြီး ခရီးအနီးအဝေးပေါ် မူတည်၍ ဈေးနှုန်း သတ်မှတ်ထားသည်။

ကိုဆန်း