ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် ယနေ့ နိုဝင်ဘာလ ၂၆ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
လျှပ်စစ်မီးပြတ်တောက်နေသည့်အချိန် လျှပ်စစ်ရေနွေးအိုး၏ ကြိုးကို မီးပလပ်တွင် ထိုးထားမိပြီး မီးလာသည့်အချိန် လူမရှိသဖြင့် အဆိုပါလျှပ်စစ်အိုး အပူလွန်ကဲရာက မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မီးကို အိမ်နီးနားချင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး နေအိမ်တစ်စိတ်တစ်ပိုင်း မီးလောင်ပျက်စီးကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။