ထားဝယ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ယနေ့(နိုဝင်ဘာ ၂၆)နံနက်ပိုင်းမှစတင်ကာ အပူဇော်ခံ လှည့်လည်နေပြီဖြစ်သည်။
ဒေသတွင်းအစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်သည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ ပုံမှန်အားဖြင့် ညဘက်တွင်ကျင်းပကြသော်လည်း ယခုနှစ်တွင် နံနက်ပိုင်းသို့ပြောင်းရွှေ့ ကျင်းပနေခြင်းဖြစ်သည်။
ယနေ့ဘုရားလှည့်ပွဲမတိုင်ခင် နံနက် ၆ နာရီဝန်းကျင်က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားအနီးတွင် လက်နက်ကြီးပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သေးသည်။
မြို့ထဲတွင်မူ စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့်လမ်းဆုံ၊ လမ်းခွများတွင် စောင့်ကြပ်နေကြသည်။
ယင်းအပြင် အရတ်ဝတ်လက်နက်ကိုင် အချို့ကိုလည်း တွေ့ရသည်ဟု မြို့ခံအချို့ကဆိုသည်။
ပေါက်ကွဲသံထွက်ပေါ်လာခြင်းကြောင့် ဘုရားလှည့်လိုက်မည့်သူများမှာ စိုးရိမ်နေခဲ့သော်လည်း ဘုရားလှည့်ပွဲကိုမူ စီစဉ်ထားသည့်အတိုင်း မြို့တွင်းအပူဇော်ခံကြွချီနေပြီဖြစ်သည်။
ယင်းဘုရားပွဲတော်ကို ကိုဗစ်နှင့်အာဏာသိမ်းမှုနောက်ပိုင်း မကျင်းပဖြစ်တော့ဘဲ ပြီးခဲ့သည့်နှစ် (၂၀၂၂ ခုနှစ်)တွင်မူ ဘုရားကြီးဝင်းအတွင်း နေ့ဘက်လှည့်လည်ကျင်းခဲ့သည်။
ယခု ၂၀၂၃ ခုနှစ်တွင်တော့ မြို့တွင်းသို့ နေ့ဘက်လှည့်လည် အပူဇော်ခံနေခြင်းဖြစ်သည်။
ယနေ့ တန်ဆောင်မုန်းလဆန်း ၁၄ ရက်( နိုဝင်ဘာလ ၂၆ ရက်) မြို့တွင်းလှည့်လယ်ပူဇော်ခံနေသည့် မြင်ကွင်းများကို ဖော်ပြပေးလိုက်ပါသည်။











