စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် လောင်းလုံးမြို့ (ဂ)ရပ်ကွက်တွင်နေထိုင်သော ကိုအောင်ကိုဝင်း နှင့်ကိုကျော်စိုးနိုင်တို့ နှစ်ဦးပြန်လွတ်လာကြောင်း ဒေသခံများထံမှသိရသည်။
စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
လောင်းလုံးမြို့မ ရဲစခန်းနှင့် စအဖရုံး တို့တွင် သီးခြားစီစစ်ဆေးခံရပြီးနောက် ယနေ့(စက်တင်ဘာ ၂၆) ညနေပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
စက်တင်ဘာလ ၂၁ ရက်နေ့က လောင်းလုံးအထက်တန်းကျောင်းရှေ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်က ပစ်ခတ်ခံရပြီးနောက် တစ်ရက်အကြာတွင် အထက်ပါအမျိုးသား နှစ်ဦး ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ငါးရက်ကြာ ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာခြင်းလည်းဖြစ်သည်။