BREAKING
January 11, 2025

မိုး ဆက်နည်းဦးမည်

August 26, 2020

တိုင်းအတွင်း မိုးရွာသွန်းမှုမှာ ဆက်နည်းနေဦးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

သြဂုတ်လ တတိယ ဆယ်ရက်တွင် တိုင်းအတွင်းတွင် မိုးရွာရက် ၄ ရက်မှ ၆ ရက်အထိ မိုးထစ်ချုန်းရွာနိုင်သော်လည်း ရွာသွန်းမြဲအောက်သာ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထားဝယ် မြို့ရှောင်လမ်းအတွက် ငွေကျပ်သန်းသုံးထောင်ကျော်သုံးမည်

ရာသီဥတုပြောင်းလဲခြင်း၊ မုတ်သုန် အားနည်းခြင်း၊ တောင်တရုတ်ပင်လယ် ပြင်တွင်ဖြစ်ပေါ်သည့် အပူပိုင်းမုန်တိုင်း၏ အကျိုးသက်ရောက်မှုမှာလည်း အားနည်းသဖြင့် တနင်္သာရီတိုင်းတွင် မိုးနည်းခြင်းဖြစ်ကြောင်း အထက်ပါ ဌာနမှ ဦးကျော်မိုးခိုင်က ပြောသည်။

“မိုးကြီးရင်လည်း တစ်ရက် နှစ်ရက် လောက်တော့ နှစ်လက်မ၊ သုံးလက်မလောက် ရသွားနိုင်တဲ့အနေအထားမျိုးရှိတာပေါ့။ ကျန်တာဟာတော့ အခုလိုပဲ တစ်လက်မကျော်ကျော်၊ နှစ်လက်မ ဝန်းကျင် မိုးလေးတွေပဲ ရွာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ယခင်က သြဂုတ်လတွင် ရွာသည့် မိုးရေချိန်မှာ သုံးလက်မမှ ခုနစ်လက်မ အထိရှိပြီး ယခုနှစ်တွင် တစ်လက်မကျော်မှ သုံးလက်မကျော်အထိသာ ရရှိထားသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် မိုးရေ ချိန် ၇၀ လက်မအထိရခဲ့သော်လည်း ယခုနှစ်တွင် မိုးရေချိန် ၃၀ လက်မဝန်းကျင်သာ ရရှိနိုင်မည်ဖြစ်ကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။

ဖိုးဖိုးကျောက်ကမ်းခြေ သဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ

သြဂုတ်လ ဒုတိယ ၁၀ ရက်အပတ်တွင် တိုင်းအတွင်း သတ်မှတ်မိုးရွာမှုပုံစံအရ ခုနစ်ရက်မှ ရှစ်ရက်ခန့် မိုးရွာသွန်းခဲ့ပြီး ပျမ်းမျှ မိုးရေချိန်အောက်လျော့နည်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးမြင့်