လာမည့်ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ရန်အတွက် ကျပ်ဘီလီယံငါးဆယ် သုံးစွဲရန် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံ မှ သိရသည်။
ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းနှင့် မြေသားလမ်းများ အဆင့်မြှင့်တင်ခြင်း အပါအဝင် တံတားတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ် ကြောင်း အဆိုပါဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးဇော်မိုးဦးက ဆိုသည်။
လိုင်စင်မရှိသည့် လက်ကိုင်လွှစက်များ တစ်နှစ်အတွင်း အပ်ရမည်
ယင်းအစီအစဉ်တွင် လမ်းအရှည် စုစုပေါင်း ၂၄၅ မိုင်ကို အဆင့်မြှင့်တင်ခြင်း၊ တံတား ၉၃ စင်း တည်ဆောက်ခြင်း အပါအဝင် အခြားလုပ်ငန်းများပါဝင်သည်။
“ဦးစားပေးကတော့ ရာသီမရွေး သွားလာလို့ရတဲ့ Class- A လမ်းတွေ အများဆုံးပါတာပေါ့” ဟု ဦးဇော်မိုးဦးက ဆိုသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာန အနေနှင့် ကျေးလက်ဒေသရှိ လမ်းများကို အတန်းအစား သုံးမျိုးခွဲခြားထားသည်။
အဓိက လမ်းမကြီးသို့ ချိတ်ဆက် ထားသည့် လမ်းကို အဆင့်အေ(Class-A) ၊ ယင်း အဆင့် အေလမ်းနှင့် ချိတ်ဆက်သည့် လမ်းကို အဆင့်ဘီ(Class-B)၊ ယင်း အဆင့်ဘီ လမ်းသို့ လာရောက် ဆက်သွယ်သည့်လမ်းကို အဆင့်စီ(Class-C) ဟူ၍ ခွဲခြားထားခြင်း ဖြစ်သည်။
နှာခေါင်းစည်းများ ဈေးပြန်တက်
လာမည့်ဘဏ္ဍာနှစ်တွင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သုံးစွဲမည့် ငွေပမာဏမှာ တိုင်းဒေသကြီးတစ်ခုလုံး စုစုပေါင်းအသုံးစရိတ်၏ ၂၈ ရာခိုင်နှုန်းခန့်အထိ ရှိသည်။ ယခုဘဏ္ဍာနှစ်အတွက်မူ ကျပ် ၄၃ ဘီလီယံ သုံးစွဲ လျက်ရှိသည်။