BREAKING
February 26, 2025

ဟွန်ဆန်က သားဖြစ်သူကို အာဏာလွှဲပေးမည်

July 26, 2023

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည်ဆိုသော ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဝန်ကြီးချုပ်တာဝန် ဆက်မယူတော့ဘဲ သားဖြစ်သူကို လွှဲပေးမည်ဟု ပြောကြားလိုက်သည်။

ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်ကတည်းက အာဏာရယူထားပြီး ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံး အာဏာရှင် များအနက် တစ်ဦးအဖြစ် ကျော်ကြားသူလည်းဖြစ်သည်။

အသက် ၄၅ နှစ် အရွယ်ရှိ သားဖြစ်သူ ဟွန်မာနက်မှာ ကမ္ဘောဒီးယား စစ်တပ်တွင် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးဖြစ်ပြီး အနောက်တိုင်းပညာတတ်အဖြစ် ဖော်ညွှန်းကြသည်။

ကမ္ဘောဒီးယားတွင် အစိုးရက အတိုက်အခံများကို နှိပ်ကွပ်ထောင်ချ၊ မီဒီယာများကို တင်းကျပ်စွာထိန်းချုပ်ပြီး ရွေးကောက်ပွဲ ကျင်းပလေ့ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင်လည်း လက်ရှိ အာဏာရပါတီ ကမ္ဘောဒီးယား ပြည်သူ့ပါတီက သောင်ပြိုကမ်းပြို အနိုင်ရကြောင်း ကြေညာထားသည်။ သို့သော် တရားဝင်မဲရလဒ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ခမာ စစ်သားဟောင်းလည်းဖြစ်သူ ဟွန်ဆန်သည် မိသားစု အင်ပါယာကို တည်ဆောက်ကာ အာဏာထိန်းချုပ်ထားပြီး ယခုအခါ သားဖြစ်သူကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မည်ဖြစ်သည်။

ထိုကြောင့် ကမ္ဘောဒီးယားကို နောက်ထပ် မြောက်ကိုရီးယား အကဲခတ်များက ဝေဖန်လျက်ရှိသည်။