BREAKING
February 26, 2025

ရက်ပိုင်းအတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်တော်ပြန်မည်

July 26, 2023

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က လာမည့် ဩဂုတ်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံကို ပြန်လာတော့မည်ဖြစ်ကြောင်း သမီးဖြစ်သူ Pheu Thai ပါတီခေါင်းဆောင် ဖယ်ထုတ်တန် ရှင်နာဝပ် ကြေညာခဲ့သည်။

ဖခင်ဖြစ်သူက ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ဩဂုတ်လ ၁၀ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း သမီးဖြစ်သူက ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။

သက်ဆင် ရောက်ရှိလာသည်နှင့် အကျဉ်းထောင်သို့ တိုက်ရိုက်သွား မသွားကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖြုတ်ချခံရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မတရားစွဲဆိုခံထားရသော အကျင့်ဖျက်ချစားမှု စွဲချက်များကို ရှောင်လွှဲနိုင်ရန် ပြည်ပတွင် တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။

မေလရွေးကောက်ပွဲတွင် သမီးဖြစ်သူ၏ Pheu Thai ပါတီသည် ဒုတိယမြောက် အနိုင်ရရှိထားသောပါတီဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့ဝင်ပါတီတစ်ခုလည်းဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ပီထာက ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် Pheu Thai ပါတီကို အစိုးရဖွဲ့ခွင့် ပေးမည်ဟု ကြေညာခဲ့သည်။

Pheu Thai ပါတီကလည်း အစိုးရဖွဲ့နိုင်ရန် ညွန့်ပေါင်း ၈ ပါတီအပြင် စစ်တပ်နောက်ခံပြုထားသော ပါတီများနှင့် ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေခဲ့သည်။

လာမည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ရက်ရွှေ့ဆိုင်းထားသကဲ့သို့ ယမာန်နေ့က ကျင်းပမည့် ညွန့်ပေါင်း ၈ ပါတီဆွေးနွေးပွဲကိုလည်း Pheu Thai ပါတီက အကြောင်းပြချက်မရှိ ဖျက်သိမ်းထားသည်။

တော်ဝင်ဥပဒေပုဒ်မကို ပြင်ဆင်ရန်ကြိုးစားနေသည့် Move Forward ပါတီကို Pheu Thai ပါတီက လမ်းခွဲစွန့်ပစ်နိုင်ကြောင်း ကောလဟလ ထွက်နေသည့်အပေါ်တွင် Move Forward ပါတီ အတွင်းရေးမှူးက Pheu Thai ပါတီကို ဆက်လက်ယုံကြည်မှုရှိကြောင်း ယနေ့တွင် ပြောကြားထားသည်။

Ref: Khaosod English, Thai Enquirer, The Nation Thailand