BREAKING
October 19, 2024

ထိုင်းတွင် ရေခဲကားမှောက်၍ မြန်မာလုပ်သားများအပါအဝင် ၃ ဦး သေဆုံး

June 26, 2024

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်တွင် ရေခဲပို့သော ကုန်ကားကြီးတစ်စီး လမ်းဘေးတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ မြန်မာအလုပ်သမား နှစ်ဦးနှင့် ထိုင်းကားသမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဇွန်လ ၂၅ ရက်နေ့က ကုန်တင်ကားကြီးသည် ရတ်ချ်ဘူရီမြို့ရှိ ရေခဲစက်ရုံမှတစ်ဆင့် စတိုးဆိုင်များသို့ ရေခဲပို့ရန် ထွက်လာစဉ် လမ်းကွေ့၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားခြင်းဖြစ်သည်။

ကားမှောက်မှုကြောင့် ကားပေါ်ပါ အသက် ၂၀ အရွယ် မြန်မာအလုပ်သမားနှစ်ဦးနှင့် ထိုင်းကားသမားတစ်ဦး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သေဆုံးသွားသော မြန်မာနိုင်ငံသားနှစ်ဦး၏ ပြည်တွင်းရှိနေရပ်များကို မသိရသေးဟုဆိုသည်။

သေဆုံးသွားသူများကို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက စစ်ဆေးခဲ့ပြီးနောက် ပါထော့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Khaosod Online, naewna