ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် ယနေ့(မတ် ၂၆) နေ့လယ်ပိုင်းက ကျင်းပခဲ့သည့် ကျောင်းတွင်းသင်္ကြန်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။
ယင်းကျောင်းတွင် မူကြိုမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား ၈၀၀ ကျော်ပညာသင်ကြားနေပြီး အများစုက ထားဝယ်ဒေသခံ ရွှေ့ပြောင်းကလေးများ ဖြစ်သည်။






















