BREAKING
January 27, 2025

ထိုင်းနိုင်ငံအတွင်း စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများကို ​စောင့်ကြည့်ထိန်းချုပ်သွားမည်ဟုဆို

February 26, 2024

ထိုင်းနိုင်ငံအတွင်း စစ်ကောင်စီကို ဆန့်ကျင်သော လှုပ်ရှားမှုများအား စောင့်ကြည့်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောကြားခဲ့သည်ကို Bangkok Post သတင်းဌာနက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်သို့ သွားရောက်စဉ်တွင် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှားသူများကို အခြားရွှေ့ပြောင်းနေထိုင်သူများနှင့် မတူညီဘဲ ကိုင်တွယ်သင့်ကြောင်း ပြောကြားထားသည်။

စစ်ကောက်စီကို ခုခံတိုက်ခိုက်ရန် ရန်ပုံငွေကောက်ခံနေသော မြန်မာ့အရေးလှုပ်ရှားနေသူများကို အနီးကပ် စောင့်ကြည်နေပြီး လတ်တလော စိုးရိမ်စရာမရှိကြောင်း ဝန်ကြီးက ဆိုသည်။

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံသို့ဝင်ရောက်ရန် ဗီဇာလျှောက်ထားသူ စံချိန်တင်များပြားခဲ့ပြီး တရားမဝင် လမ်းကြောင်းများကလည်း ဝင်ရောက်လာမှု များပြားနေကြောင်း ဖော်ပြထားသည်။

ထိုင်းသို့ ထွက်ပြေးလာသော မြန်မာနိုင်ငံသားများ အရေအတွက်များပြားနေသော်လည်း စိုးရိမ်စရာမရှိဘဲ မကြာမီနေရပ်ပြန်သွားကြမည့်သူများဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

နယ်စပ်လုံခြုံရေးကိုလည်း လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားပြီး မူးယစ်ဆေးဝါး နယ်စပ်မှောင်ခိုမှုများကိုလည်းကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်နေကြောင်း ပြောကြားထားသည်။

လက်ရှိအချိန်တွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို ထိုင်းတပ်မတော်က လုံခြုံရေးတင်းကြပ်ထားပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် နေထိုင်သူများကိုလည်း ဧည့်စာရင်းတိုင်ကြားရန် ထိုင်းအာဏာပိုင်များက ညွှန်ကြားထားသည်။

ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်နေသော အလုပ်သမားများ အားလုံးသည် စစ်ကောင်စီကို ဆန့်ကျင်နေသည်ဟုလည်း ယူဆ၍မရကြောင်း ထိုင်းဝန်ကြီးချုပ်ကလည်း ​ပြောဆိုထားသည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်သူအရေအတွက် ၅ သန်းခန့်ရှိကြောင်း အလုပ်သမားအရေး လှုပ်ရှားနေသူများက ခန့်မှန်းထားသည်။

Ref: Bangkok Post