BREAKING
March 31, 2025

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

November 25, 2024

ယနေ့ ကျရောက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် လူထုလှုပ်ရှားမှုတစ်ခုကို လောင်းလုံးမြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။

နှင်းဆီရောင်အမျိုးသမီးသမဂ္ဂက ဦးဆောင်ပြီးပြုလုပ်သည့် ယင်းလှုပ်ရှားမှုတွင် ဒေသတွင်းရှိ အမျိုးသမီးအချို့ ပူးပေါင်း ပါဝင်ခဲ့ကြောင်း အဆိုပါသမဂ္ဂထံမှ သိရသည်။ “အမျိုးသမီးထုတိုက်ပွဲ အကြမ်းဖက်မှုမှန်သမျှ တိုက်ဖျက်ကြ” ဘန်နာကို ကိုင်စွဲပြီး လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲပေါ်ပေါက်လာသည့် လက်နက်ကိုင်ပဋိပက္ခနှင့် ဒွန်တွဲပြီး အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် အကြမ်းဖက်မှုမျိုးစုံမြင့်တက်လာနေကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ထောက်ပြလျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အချက်အလက်များအရ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီတပ်က ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၂၅ မှုရှိပြီး ကျူးလွန်ခံရသည့် အမျိုးသမီး ၁၇၄ ဦးရှိ‌ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီကို‌ တော်လှန်နေကြသည့် တော်လှန်ရေးအဖွဲ့ဝင်တို့ကလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျူးလွန်မှုများ ရှိနေသည်။