BREAKING
April 13, 2025

ထန်းရည်ချိုရာသီ

November 25, 2023

ထန်းပင်လေးများနှင့် ထားဝယ်မြို့ ကျန်းမာရေးလမ်း(လမ်းမသစ်)တွင် ဆောင်းရာသီ၏ အအေးဓာတ်နှင့်အတူ လမ်းလျှောက်သူ၊ စက်ဘီးစီးသူအချို့နှင့်အတူ ထန်းရည်ဆိုင်လေးများကို တွေ့မြင်နေရသည်။

အာဏာမသိမ်းမီကဆိုလျှင် နံနက်စောစောအချိန်ကတည်းက အဆိုပါလမ်းတွင် ကျန်းမာရေးလုပ်သူများဖြင့် စည်ကားလေ့ရှိသော်လည်း လက်ရှိအချိန်တွင်မူ အနည်းအကျဉ်းသာ တွေ့ရသည်။

လမ်းတစ်လျှောက် အစီအရီရှိနေသည့် ထန်းပင်များမှ ထွက်ရှိသည့် ထန်းရည်ချိုကို ရောင်းချသူများရှိသလို လာရောက်သောက်သုံး သူများလည်းရှိသည်။

တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် အဝေးတစ်နေရာမှာရောက်နေသည့် ထားဝယ်သားများအတွက်တော့ လွမ်းစရာအချိန်များပင်။

ယင်းကြောင့် ဆောင်းရာသီ ထားဝယ်မြို့ လမ်းမသစ်၏ ယနေ့ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။