BREAKING
September 20, 2024

ဆန်ဈေး နှစ်ပတ်ဆက်တည်ငြိမ်နေသည့် မြိတ်ဈေးကွက်

November 25, 2022

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်တို့အနက် ဆန်ဈေးနှုန်း နှစ်ပတ်ဆက်တိုက်တည် ငြိမ်နေသည်။

ဆန်အသစ်များ ဈေးကွက်အတွင်း မရောက်ရှိသေးဘဲ၊ ဈေးနှုန်းမှာ လက်ရှိဈေးထက် ကျဆင်းမည် မဟုတ်ကြောင်း ဆန်းအရောင်းအဝယ်လုပ်ကိုင်သူတို့က ခန့်မှန်းထားသည်။

ပြီးခဲ့သည့် နှစ်ပတ်က ဆန်ကြမ်း (အကယ်ဒမီ) ၂၄ ပြည်တစ်အိတ် ၅၀၀၀၀ ကျပ် ဈေးရှိပြီး ပြီးခဲ့သည်ပတ်နှင့် ယခုသီတင်းပတ်တို့တွင် ၅၂၀၀၀ ဈေးရှိနေသည်။

စားအုန်းဆီ ၁၀ ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ၆၈၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်အထိ ကျဆင်းခဲ့သည်။

သားငါးဈေးတို့တွင် ဝက်သားဈေး တစ်ပိဿာလျှင် ၂၀၀၀ ကျပ် မြင့်တက်လာခဲ့ပြီး ငရုတ်သီးခြောက် (ရွှေအပ်) နှင့် ငရုတ်သီးခြောက် (ငရုပ်ပု) ဈေးတို့ ပြောင်းလဲမှုမရှိခဲ့ပါ။

ရေထွက်ကုန် တစ်ခုဖြစ်သည့် ပုဇွန်ခြောက်ဈေးနှုန်း တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ မြင့်တက်ခဲ့သည်။