ကျောင်းသား ကျောင်းသူတွေအပါအဝင် စစ်ဘေးရှောင်တွေလိုက်ပါစီးနင်းလာတဲ့ စက်လှေနစ်မြုပ်မှုဖြစ်စဉ်မှာ လူဆယ်ချီသေဆုံးခဲ့ရပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
ပုလောမြို့နယ် ကျောက္ကာရွာကနေ မြိတ်မြို့ကို ထွက်ခွာလာတဲ့ စက်လှေဟာ အောက်တိုဘာလ ၂၀ ရက်ညမှာ ကျောက္ကာရွာအထွက်နားမှာပဲ နစ်မြုပ်ခဲ့တာပါ။
ဒီလို လှေနစ်မြုပ်မှုဖြစ်စဉ်ကို အကျဉ်းချုပ်ဖော်ပြလိုက်ပါတယ်။







