BREAKING
October 18, 2024

ကော့စမွေကျွန်းက ကြက်ဝိုင်း ထိုင်းရဲဝင်ဖမ်း၊ မြန်မာအပါအဝင် ၂၂ ဦး ဖမ်းဆီးခံရ

September 25, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် တရားမဝင် ကြက်ဝိုင်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးရာမှ မြန်မာနိုင်ငံသားများ အပါအဝင် ၂၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က ကော့စမွေကျွန်း၊ လမိုင်ဒေသတွင် ကြက်တိုက်၍ တရားမဝင် လောင်းကစား ပြုလုပ်နေသော လူအုပ်စုနောက်ကို ထိုင်းရဲတပ်ဖွဲ့က ခြေရာခံပြီးနောက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဝင်ရောက်ဖမ်းဆီးချိန် ကြက်တိုက်နေသော မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံသား ၂၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အိမ်ကြိုအိမ်ကြား ထွက်ပြေး၍ လွတ်မြောက်ခဲ့သူများလည်းရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါကြက်ဝိုင်းသည် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ပြုလုပ်နေသော လောင်းကစားဝိုင်းဖြစ်သဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးခံရသူများကို ဘိုဖွတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး လောင်းကစားအမှုများဖြင့် အရေးယူထားကြောင်း ဖော်ပြထားသည်။

Ref: Khaosod English