ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေး အကြိုလှုပ်ရှားမှုတစ်ခု လောင်းလုံးမြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည်။
ထားဝယ်သပိတ်ကော်မတီမှ ဦးဆောင်ပြုလုပ်သည့် အဆိုပါလှုပ်ရှားမှုတွင် “ငါတို့အားလုံးရဲ့ အသံကို ကိုယ်စားပြုတာ ငါတို့သံအမတ် ဦးကျော်မိုးထွန်း” ဘန်နာကို ကိုင်စွဲပြီး ကျေးရွာအချို့ကိုလည့်လှည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မကြာမီကျင်းပတော့မည့် ကုလသမဂ္ဂညီလာခံတွင် ဦးကျော်မိုးထွန်းကို မြန်မာသံအမတ်အဖြစ် ဆက်လက်ခန့်အပ်ရန် ဒေသခံတို့က ကြွေကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။





