BREAKING
October 18, 2024

ထိုင်းတွင် ဆောက်လက်စ မြေအောက်ရထားလမ်းပြိုကျပြီး မြန်မာတစ်ဦးအပါအဝင် သုံးဦးပိတ်မိ

August 25, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စ မြေအောက်ရထားလမ်း လုပ်ငန်းခွင်တစ်ခု ပြိုကျပြီး မြန်မာအလုပ်သမားတစ်ဦး အပါအဝင် အလုပ်သမား သုံးဦး ပိတ်မိနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြေအောက်ရထားလမ်း လုပ်ငန်းခွင်ထဲတွင် ဘက်ဟိုးနှင့် ထရပ်ကားများဖြင့် မြေတူးနေကြစဉ် ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီခွဲခန့်တွင် လမ်းပြိုကျခြင်းဖြစ်သည်။

ပြိုကျမှုဖြစ်ခဲ့သော လုပ်ငန်းခွင်သည် တရုတ်-ထိုင်း မြန်နှုန်းမြင့် မြေအောက်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်ဖြစ်သည်။

မြေပြိုသည့်အချိန် မိုးရွာခြင်းမရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

မြေပြိုမှုကြောင့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် ထရပ်ကားမောင်းသည့် မြန်မာနိုင်ငံသားတစ်ဦး ပိတ်မိနေပြီး ယနေ့ နေ့လယ်ပိုင်းအထိ ပြန်မတွေ့သေးကြောင်း ဆိုသည်။

လှိုင်ခေါင်းဝင်ပေါက်နှင့် ၄ ကီလိုမီတာခန့်အကွာတွင် ပြိုကျခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက မြေတူးစက်များဖြင့် အထဲသို့ ရောက်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အရှည် ၂၅၁ ကီလိုမီတာရှိ ဘန်ကောက်-နခွန်ရတ်ချ်စီမားဆက်သွယ်ထားသည့် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို လာမည့် ၂၀၂၈ တွင် ပြီးစီးရန် ရည်ရွယ်ထားသည်။

Ref: Bangkok Post, The Nation