BREAKING
February 3, 2025

လမ်းဘေးရပ်နေသူကို အိမ်စီးကား ဖြင့်ဝင်တိုက်၊ ဓားရှည်ဖြင့်ခုတ်ပြီး ထွက်ပြေး

August 25, 2020

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ ကုန်းဖောက်ရပ်၊ အဝေးပြေးကား ဝင်းအနီး၌ သြဂုတ်လ ၁၉ ရက်နေ့က လမ်းနံဘေးတွင် ရပ်နေသည့် အမျိုးသားတစ်ဦးအား အိမ်စီးကားတစ်စီးက ဝင်တိုက်ပြီး ဓားရှည်ဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း မြိတ်မြို့၊ မြို့မရဲစခန်းထံမှ သိရသည်။

ကုန်းဖောက်ရပ်ရှိ ပိုင်ဆိုင်မှုအငြင်းပွား မြေနေရာပေါ်တွင် ခြံစည်းရိုးကာရံခဲ့သည်ကို မကျေနပ်သဖြင့် Honda Fit အမျိုးအစားယာဉ်ဖြင့်ဝင်တိုက်ပြီး ကားထဲတွင် အသင့်ပါလာသည့် ဓားဖြင့် ဆင်းခုတ်ခြင်းဖြစ်ကြောင်း မြိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောပြသည်။

မဲစာရင်းအမည်မပါသဖြင့် ပြန်လည်လျှောက်ထားသူ မြိတ်ခရိုင်တွင် တစ်သောင်းကျော်ရှိ

“ဝင်တိုက်တော့ ညာဘက်ပေါင်ကို ထိပြီး ကားကဓာတ်မီးတိုင်ကို ဝင်ဆောင့် သွားတာ” ဟု စခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။

ဓားဖြင့်ခုတ်ခံရသူအား မြိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဓားဖြင့်ခုတ်သူ အမျိုးသားနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၉‌၄၊ ၃၀၇၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)