BREAKING
October 18, 2024

တိုင်းစစ်ကောင်စီဝန်ကြီးအိမ်ရာ လုံခြုံရေးကျသည့် ရဲတပ်ဖွဲ့ဝင်အလောင်း ရေနုတ်မြောင်းတွင်တွေ့

July 25, 2024

ထားဝယ်မြို့ ကမြောကင်းလမ်း ရေနုတ်မြောင်းထဲတွင် ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိကြောင်း မြို့ခံများထံမှ သိရသည်။

သေဆုံးသူမှာ တနင်္သာရီတိုင်း စစ်ကောင်စီ အစိုးရအဖွဲ့ရုံးဝန်ကြီးအိမ်ရာတွင် လုံခြုံရေးတာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း မြို့ခံပြည်သူတို့က ပြောသည်။

ရုပ်အလောင်းမှာ ဝန်ကြီးအိမ်ရာနှင့် မယ်ဒီလမ်းဆေးရုံအနီးရှိ ရေမြောင်းထဲတွင် ပေါ် နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“သူတို့ရှာနေတာသုံးလေးရက်ရှိပြီ။ အရက်သောက်ပြီး အပေါ့သွားတော့ မြောင်းထဲကျ သေဆုံးနေတာဖြစ်လိမ့်မယ်” ဟု အနီးနားရှိ မြို့ခံပြည်သူတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကို မြို့ခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ များက လာရောက်ဆယ်ယူပြီး သယ်ဆောင်သွားကြောင်း မြင်တွေ့ရသည့် မြို့ခံများပြောကြားချက်အရ သိရသည်။

ထားဝယ်မြို့တွင် လွန်ခဲ့သည့် နှစ်ရက်ခန့်ကစပြီး မိုးသည်းထန်စွာရွာသွန်းသောကြောင့် မြို့အတွင်းရှိ ရေနုတ်မြောင်းများတွင် ရေကြီး ရေလျှံလျက်ရှိသည်။