BREAKING
September 7, 2024

ဇူလိုင်လ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

July 25, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

– စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းကိုလာတဲ့ ခရီးသွားတွေကို စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးတာတွေရှိနေတဲ့အကြောင်း

– တနင်္သာရီတိုင်းထဲက စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့အခြေအနေ

– ထားဝယ်မြို့ရှိ စစ်ကောင်စီဝန်ကြီးအိမ်ယာက အစောင့်ရဲတပ်သားရဲ့အလောင်း ရေမြောင်းထဲတွေ့ရှိခဲ့တာ

– ထားဝယ်ခရိုင်မှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေပါဖြစ်ပေါ်နေတဲ့‌အကြောင်း

– စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကျိုက်ထုံဒေသခံ လူငယ် ၆ ဦးသေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရခဲ့တဲ့အခြေအနေ

– စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းယူလိုက်ပြီလို့ ကိုးကန့်တပ်က သတင်းထုတ်ပြန်တာ

– ထိုင်းမှာ ညဖက်မုန့်ထွက်ဝယ်တဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားတာ

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။