BREAKING
October 18, 2024

ထားဝယ်တွင် ၅၁ ရက် မြောက် ရွှေဈေးမဖွင့် ၊ ဘတ်ဈေးပြန်ငြိမ် (ဇူလိုင် ၂၅)

July 25, 2024

ရွှေဈေးကစားသည်ဟု စွပ်စွဲပြီး စစ်ကောင်စီကဖမ်းဆီးမှုများလုပ်ဆောင်နေသည့်အတွက် ထားဝယ်ဈေးကွက်အတွင်း ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ်ရပ်နားထားသည်မှာ ၅၁ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေအရောင်းအဝယ်ရပ်ထားပြီး ရွှေအထည်ပစ္စည်းများကိုသာ ရောင်းချနေသည်။

ထိုင်းဘတ်ဈေးမှာ ဈေးငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၇၄၅ ဘတ် ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။