BREAKING
October 18, 2024

လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် သိမ်းယူ

July 25, 2024

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၄နာရီတွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။

စတင်တိုက်ခိုက်ပြီး ၂၃ ရက်အကြာတွင် လားရှိုးမြို့ လုံးဝလွတ်မြောက်ပြီဖြစ်ပြီး တော်လှန်ရေးလှုပ်ရှားမှု၏ သမိုးဝင် အောင်ပွဲတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လားရှိုးတွင် ပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဒေသတွင်းနှင့် ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။

လားရှိုး ရမခကို သိမ်းယူခြင်းမှာ တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် သိမ်းယူနိုင်ခြင်းလည်း ဖြစ်လာသည်။

၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်စတင်ပြီးနောက် နောင်ချို၊ မိုးကုတ်မြို့တို့ကို တအာင်းတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့က သိမ်းယူနိုင်ခဲ့ပြီး စဉ့်ကူးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်တို့က သိမ်းယူထားသည်။

Photo – SHAN News (Burmese Version)