BREAKING
February 26, 2025

ဇူလိုင် ၂၇ တွင် ကျင်းပမည့် ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲ ဆိုင်းငံ့ကြောင်းကြေညာ

July 25, 2023

Photo - Thai Enquirer

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဇူလိုင်လ ၂၇ ရက်နေ့တွင် လွှတ်တော်ထဲ မဲပေးဆုံးဖြတ်ရန် စီစဉ်ထားသော်လည်း ယာယီဆိုင်းငံ့လိုက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

ပီထာကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းမှုကို ကန့်ကွက်ခဲ့ခြင်းက အခြေခံဥပဒေနှင့် ညီမညီ တရားရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရန်အတွက် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ပီထာကို အမည်စာရင်းတင်သွင်းခဲ့ရာ လွှတ်တော်စည်းမျဉ်းစည်းကမ်းအရ ထပ်မံရွေးချယ်ခံခွင့်မရှိဟုဆိုပြီး လွှတ်တော်အမတ် ၃၉၅ ဦးက ကန့်ကွက်ခဲ့သည်။

ကန့်ကွက်သူများသဖြင့် ပီထာ၏ အမည်ကို နောက်တစ်ကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်းခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပီထာကို ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းက အခြေခံဥပဒေနှင် ညီမညီ ဆုံးဖြတ်ပေးဖို့ ခုံရုံးကို တိုင်ကြားခဲ့ပြီး နောက်တစ်ကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ရက်ရွှေ့ပေးဖို့ကိုလည်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

iTV ရှယ်ယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံးက Move Forward ပါတီခေါင်းဆောင် ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းချိန်တွင်လည်း အထက်လွှတ်တော်အမတ်များနှင့် အတိုက်အခံပါတီများက ကန့်ကွက်ခဲ့ကြသည်။

အဆိုပါလုပ်ရပ်များကို ထိုင်းပြည်သူများက စိတ်ပျက်ဒေါသထွက်ခဲ့ကြပြီး လမ်းပေါ် ဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ယနေ့ ညနေ ၃ နာရီတွင် ကျင်းပမည့် ညွန့်ပေါင်း ၈ ပါတီဆွေးနွေးပွဲကိုလည်း Pheu Thai ပါတီဘက်က အကြောင်းပြချက်မရှိပဲ ဖျက်သိမ်းခဲ့သည်။

Ref: The Nation Thailand, Khaosod English, Thai Enquirer