





ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို လောင်းလုံးမြို့နယ်တွင် ယနေ့ပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရှားမှုတွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဘန်နာကိုင်ဆွဲ၍ လူငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုနှင့်အတူ ချီတက်လှုပ်ရှားခဲ့ကြကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။