မြန်မာနိုင်ငံတဝန်း အလွန်ပူအိုက်သော နွေရာသီကာလကိုဖြတ်သန်းနေကြရသည်။
အပူဒဏ်ပြင်းလွန်းသဖြင့် နေပူကို ရှောင်ရှားကာ နေအိမ်၊ အရိပ်အာဝါသအောက်တို့တွင် ခိုလုံနေထိုင်ကြချိန် ဖြစ်သည်။ နေအိမ်ထဲတွင် နေလျှင်ပင် ပူအိုက်သည့်ဒဏ်ကို ခံစားနေကြရသည်။
သို့သော် အခြေခံလူတန်းစာများအတွက်မူ ခြစ်ခြစ်တောက်ပူနေသည့် နေရောင်အောက်တွင် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရုန်းကန်လုပ်ကိုင်နေကြရပေသည်။
အရိပ်မခိုအား ပူပြင်းသည့် နွေနေအပူရှိန်ကို အန်တုပြီး ဝမ်းစာရေးအတွက် ရုန်းကန်လှုပ်ရှားနေကြသည့် ထားဝယ်မြို့ခံအချို့၏ မြင်ကွင်းကိုဖော်ပြပေးလိုက်ပါသည်။
အောက်ပါမှတ်တမ်းဓာတ်ပုံများကို ဧပြီလ ၂၅ ရက် မွန်းတည့်ချိန်တွင် ရိုက်ကူးထားခြင်းဖြစ်သည်။








