Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ် ညင်းထွေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့တဲ့အကြောင်း
- ချောင်းလမုရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆီအုန်းလုပ်သမားနှစ်ယောက် သေဆုံးသွားတာ
- မြိတ်မြို့ဘက်ကနေ တနင်္သာရီမြို့နယ်ဘက်ကိုလာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အခြေအနေ
- ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးခဲ့တဲ့အကြောင်း
- မြိတ်မြို့မှာ သုံးနှစ်ထဲ ဒညင်းသီးဈေးသုံးဆနီးပါးမြင့်တက်လာတ
- မွန်အမျိုးသားညီလာခံကို ဧပြီလ ပထပအပတ်မှာ ကျင်းပဖို့ရှိတဲ့အခြေအနေ
- ဘန်ကောက်က မြန်မာအလုပ်သမားနှစ်ဦး ဓာတ်လိုက်သေဆုံးတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။