ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် ယနေ့မတ်လ ၂၅ ရက် နေ့လယ် ၂ ရာရီခန့်က စစ်တပ်နှင့် ရဲပူးပေါင်းဝင်ရောက်ဖမ်းဆီးရာ အနည်းဆုံးခြောက်ဦးအဖမ်းခံခဲ့ရကြောင်း သိရသည်။
ယင်းအဖမ်းခံရသူများတွင် နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦး၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အလုပ်သမား သုံးဦး၊ ရပ်ကွက်အတွင်း အခန်းငှားနေထိုင်သူနှစ်ဦးဖြစ်ကြောင်း ယင်းရပ်ကွက်သားအချို့ကပြောသည်။



ယင်းအပြင် နေအိမ်တစ်ဆောင်မှ ဆိုင်ကယ်၊ စားသောက်ကုန်နှင့် အတွင်းပစ္စည်းတို့ကိုပါ သယ်ဆောင်သွားကြောင်း ၎င်းတို့ကဆိုသည်။
ယနေ့ နံနက် ၇ နာရီခန့်ကလည်း ကြက်စားပြင်ရပ်ကွက်တွင် ၁၅ ဦးအဖမ်းခံခဲ့ရပြီး အချို့ကိုနေ့လယ်ပိုင်းတွင်ပြန်လွှတ်ပေးခဲ့သည်။
ယင်းသို့လွှတ်ပေးပြီး များမကြာမီ နောက်ထပ်ခြောက်ဦး ထပ်မံဖမ်းဆီးသွားခြင်းဖြစ်သည်။