BREAKING
September 16, 2024

အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသူများ မဲပေးခွင့်ရရန် စီစဉ်မည်

February 25, 2020

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသော် လည်း အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် မရသေးသူများကို မဲထည့် ချိန်အမီ မဲထည့်ခွင့်လက်မှတ်များ ထုတ် ပေးသွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲထည့်ခွင့်ရရန် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်တို့ပူးပေါင်းကာ မဲထည့်ခွင့်ကတ်ပြား ထုတ်ပေးသွား မည်ဟု ဦးကျော်မင်းက ပြောသည်။

“ဆန္ဒမဲပေးဖို့ ကိစ္စကျတော့ မှတ်ပုံ တင် ရှိခြင်း မရှိခြင်းနဲ့ မဆိုင်ဘူး”ဟု ဦးကျော်မင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲကိုလည်း နိုဝင်ဘာလအစောပိုင်းတွင် ကျင်းပနိုင် ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ခန့် မှန်းနေကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲစာရင်း ပြုစုရာ/ထုတ်ပြန်ရာ၌ လွဲချော်မှု အချို့ ရှိခဲ့ဖူးသည်ဟု ရွေးကောက်ပွဲလေ့လာသူ တို့က ပြောဆိုဖူးသည်။

Dawei Watch

No related posts found.