BREAKING
April 2, 2025

သဲသောင်ပြင် ပိုက်ကျော်ခြင်းပြိုင်ပွဲ မောင်းမကန်ကမ်းခြေတွင် ကျင်းပမည်

February 25, 2020

တနင်္သာရီတိုင်းတွင် ပထမဆုံး ကျင်းပမည့် အသက်၂၅ နှစ်အောက် သဲသောင်ပြင် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကို မောင်းမကန် ကမ်းခြေတွင် ကျင်းပရန် ရွေးချယ်ထားကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်ကျင်းပမည်ဟု ယာယီ သတ်မှတ်ထားသော်လည်း အချိန်အပြောင်း အလဲ ရှိနိုင်သေးကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ယင်းပြိုင်ပွဲသို့ နေပြည်တော် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး လာရောက်မည် ဖြစ်သောကြောင့် အချိန်အတိအကျ သတ်မှတ်မရသေးကြောင်း ၎င်းက ပြော သည်။

ယင်းပြိုင်ပွဲတွင် ထားဝယ်၊ လောင်းလုံး၊ မြိတ်နှင့် ကော့သောင်းမြို့နယ်တို့မှ နှစ်သင်းစီ၊ ကျန်မြို့နယ်နှင့် မြို့များက တစ်သင်းစီ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး