BREAKING
February 27, 2025

လေးနှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ရန် ကြိုးပမ်းသူ ဖမ်းမိ

February 25, 2020

ကော့သောင်းတွင် အသက် လေးနှစ် အရွယ်မိန်းကလေးငယ်ကို မုဒိမ်းကျင့်ရန် ကြိုးပမ်းသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်က ကော့သောင်း ၇ မိုင်ကျေးရွာတွင် ဖခင်ဖြစ်သူရေတွင်း တူးနေစဉ် အသက်လေးနှစ်အရွယ်နှင့် နှစ်နှစ်အရွယ် သမီးနှစ်ဦးကို နေအိမ်တန်းလျားအရှေ့တွင် ထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ထားရှိစဉ် ဖခင်ဖြစ်သူနှင့် အတူ အလုပ်လုပ်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားက အပေါ်မှတက်ခွကာ မုဒိမ်းကျင့်ရန် ပြုလုပ်နေသည်ကို အခြားသူနှစ်ဦးက တွေ့မြင်ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မုဒိမ်းကျင့်ရန် ကြိုးပမ်းသည့် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ /၅၁၁ ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch