BREAKING
February 24, 2025

ထားဝယ်ခရိုင်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မနက်ဖြန် လျှစ်စစ်မီး အချိန်ပိုင်းသာရမည်

December 24, 2024

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မနက်ဖြန် ဒီဇင်ဘာလ ၂၅ရက်တွင် လျှပ်စစ်ဓာတ်အား အလှည့် ကျဖြင့် အချိန်ပိုင်းသာဖြန့်ဖြူးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဖြစ်သည့် Petro & Trans ကုမ္ပဏီက ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၅ ရက် နံနက် ၆ နာရီမှစပြီး ဒီဇင်ဘာလ ၂၆ ရက် နံနက် ၆ နာရီထိ ၂၄ နာရီအတွင်း လျှစ်စစ်ဓာတ်အားကို အလှည့်ကျသာ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ဒီဇင်ဘာလ ၂၅ ရက် နံနက် ၆နာရီမှစ၍ ပြုပြင်ထိန်းသိမ်း မည်ဖြစ်သဖြင့် ၂၄ နာရီအတွင်း လျှစ်စစ်ဓာတ်အားကို အလှည့်ကျဖြန့်ဖြူးမည်ဟု ဆိုသည်။

“တစ်နေ့တာပါပဲ။ လိုင်းတာဝန်ရှိသူတွေ လိုင်းစစ်ပြီး ပြုပြင်မှာမို့ ဖီဒါအလိုက်အလှည့်ကျပိတ်ပြီး ဆောင်ရွက်မှာပါ” ဟု ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထိုသို့ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေချိန်တွင် အရန်ဒီဇယ်မီးစက်များ သုံးပြု၍ ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများကိုA,B,C အုပ်စု သုံးခုခွဲ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးလုပ်ငန်းထံမှ သိရသည်။

အရန်ဒီဇယ်များဖြင့် လျှပ်စစ်ဓာတ်အားဖြန်းဖြူးပေးရာ၌ အုပ်စု A နှင့် B တွင်ပါဝင်သည့် ရပ်ကွက်နှင့် ကျေးရွာများက လျှစ်စစ်ဓာတ်အား ကိုးနာရီစီရရှိမည်ဖြစ်ပြီး C အုပ်စု ၌ ပါဝင်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများက ခြောက်နာရီသာ လျှစ်စစ်ဓာတ်အားရရှိမည်ဖြစ်သည်။