BREAKING
January 22, 2025

အသားဈေးတက်သည့် ထားဝယ်ဈေးကွက်

November 24, 2024

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ် ကြက်သား၊ ဝက်သား၊ အမဲသား ဈေးများမြင့်တက်လျက်ရှိသည်။

ကြက်သားတစ်ပိဿာ ပြီးခဲ့သည့် သီတင်းပတ်က ၂၂၀၀၀ကျပ်မှ နိုဝင်ဘာလ ၂၃ရက်တွင် ၂၅၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာ ၃၀၀၀၀ကျပ်မှ ၃၃၀၀၀ကျပ်၊ အမဲသားတစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း ကြက်သားနှင့် ဝက်သားတစ်ပိဿာလျှင် သုံးထောင်ကျပ်၊ အမဲသား တစ်ပိဿာလျှင် နှစ်ထောင်ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ယင်းအပြင် ရွှေအပ်ငရုတ်သီးခြောက်မှာလည်း ဈေးတက်လာပြီး တစ်ပတ်အတွင်း တစ်ပိဿာ ကျပ်ငါးရာ ဈေးတက်သွားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ရွှေအပ်ငရုတ်ခြောက် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ နိုဝင်ဘာလ ၂၃ရက်တွင် ၁၅၅၀၀ကျပ်ဖြစ်လာသည်။

ဆန်ဈေးနှင့် ကြက်သွန်ဖြူဈေးများမှာ ဇယားပါ ဈေးနှုန်းများအတိုင်း အတက်အကျမရှိ ဈေးငြိမ်နေသည်။

သို့သော် ကြက်သွန်နီဈေးမှာ ယခုသီတင်းပတ် ဈေးထပ်ကျလာသည်။

ပြီးခဲ့သည့်သီတင်းပတ်က ကြက်သွန်နီတစ်ပိဿာလျှင် ၄၈၀၀ကျပ်စျေးရှိရာမှ နိုဝင်ဘာလ ၂၃ရက်တွင် တစ်ပိဿာ ၄၅၀၀ကျပ်ဖြစ်လာသဖြင့် တစ်ပတ်အတွင်း တစ်ပိဿာလျှင် သုံးရာကျပ် ဈေးထပ်ကျသွားခြင်းဖြစ်သည်။