BREAKING
February 25, 2025

အစ္စရေး-ဟားမတ်စ် လေးရက်ကြာ ယာယီအပစ်ရပ်

November 24, 2023

အစ္စရေး-ဟားမတ်စ် စစ်ပွဲ လေးရက်ကြာ အပစ်အခတ်ရပ်စဲမှုဟာ ဒီနေ့ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီမှာ စတင်အသက်ဝင်ခဲ့ပါတယ်။

အစ္စရေးဘက်က အပစ်အခတ်ရပ်စဲတာဟာ ယာယီသာဖြစ်ပြီး စစ်ပွဲ တကယ်မပြီးသေးဘူးလို့ သတိပေးခဲ့တာပါ။

ကာတာနိုင်ငံကနေ ကြားဝင်ညှိနှိုင်းပေးလို့ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓါးစာခံ အစ္စရေးနိုင်ငံသား ၁၃ ဦးကို ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

နောက် လေးရက်ထဲမှာ နောက်ထပ် ဓါးစာခံ ၅၀ ကိုလည်း ထပ်လွှတ်ပေးသွားမယ်လို့ သဘောတူခဲ့ပါတယ်။

သဘောတူညီချက်အရတော့ အစ္စရေးဘက်က ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၁၅၀ ဦးကို ပြန်လွှတ်ပေးရမှာပါ။

အပစ်ခတ်ရပ်စဲရေး အသက်မဝင်ခင် အချိန်ခဏအတွင်းမှာ ဂါဇာဘက်က သေနတ်ပစ်ခတ်သံနဲ့ လေကြောင်းပစ်ခတ်သံတွေ ကြားခဲ့ရပါသေးတယ်။

ဆေးဝါးပစ္စည်းတွေ၊ လောင်စာဆီတွေနဲ့ အစားအစားတွေ သယ်ဆောင်လာတဲ့ ထရပ်ကားတွေက အီဂျစ်နိုင်ငံကနေ ဂါဇာအတွင်း ဝင်လာဖို့ ရှိနေပါတယ်။

ဒီနေ့ ဗြိတိန်နိုင်ငံခြားရေးအတွင်းဝန်နဲ့ ပါလက်စတိုင်းခေါင်းဆောင်တို့ တွေ့ဆုံခဲ့ရာမှာ ဗြိတိန်က ဂါဇာကို ထောက်ပံ့ပစ္စည်းတွေ ပေးပို့နိုင်ဖို့ နည်းလမ်းရှာနေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့ စစ်ပွဲကြောင့် အစ္စရေးဘက်မှာ သေဆုံးသူ ၁၂၀၀ ကျော်ခဲ့ပြီး ဓါးစာခံ ၂၄၀ ခန့် ဖမ်းဆီးခံထားရပါတယ်။

ပါလက်စတိုင်းဘက်မှာတော့ ပြည်သူ ၁၄၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက ပြောကြားထားပါတယ်။

Ref: BBC, ABC News