BREAKING
October 18, 2024

မိုးကုတ်မြို့ကို တအာင်းတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ထိန်းချုပ်

July 24, 2024

Photos - TNLA ၊ Mai A Hein ပုံစာ - မိုးကုတ်မြို့ထဲကို ယနေ့ ဝင်ရောက်လာသည့် တအင်းတပ်မတော် တပ်ဖွဲ့ဝင်များ။

မန္တလေးတိုင်း မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းယူပြီး မြို့ကို ထိန်းချုပ်ထားကြောင်း တအာင်းတပ်မတော် (TNLA) က ယနေ့ ဇူလိုင်လ ၂၄ရက်တွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးတစ်ကျော့ပြန်စတင်သည့် ၃၀ ရက်မြောက်နေ့ဖြစ်သော ယနေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၅နာရီတွင် မိုးကောင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုးကုတ်မြို့ကို တအာင်းတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးကုတ်ဗျူဟာ) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တို့ ပူးပေါင်းတပ်တို့က ဇွန်လ နောက်ဆုံးပတ်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနှင့် ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

ယနေ့တွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်းကိုလည်း တိုက်ခိုက်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးတစ်ကျော့ပြန် စတင်ပြီးနောက် ဇူလိုင်လ ၁၀ ရက်တွင် နောင်ချိုမြို့ကို တအာင်းတပ်က သိမ်းယူထိန်းချုပ်နိုင်ခဲ့သဖြင့် မိုးကုတ်မှာ ဒုတိယမြောက် ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်တို့ကလည်း မန္တလေးတိုင်း စဉ့်ကူးမြို့ကို ဇူလိုင်လ ၁၇ ရက်တွင် သိမ်းယူထားသေးသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိသည့် လားရှိုးမြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် (MNDAA) တို့ကြား တိုက်ပွဲပြင်းထန်နေသည်။