BREAKING
December 28, 2024

ဗေဒင်နှင့် အကြားအမြင်ဆရာများ လိုင်စင်လျှောက်ရမည့်အမိန့်စာ အတုဟု စစ်ကောင်စီ သာသနာရေးဌာနထုတ်ပြန်

July 24, 2023

ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်သူများ လိုင်စင်လျှောက်ရမည့်ဆိုသည့် အမိန့်စာမှာ အတုဖြစ်ကြောင်း စစ်ကောင်စီ၏ သာသာရေးဦးစီးဌာနက ယနေ့ ဇူလိုင်လ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။

ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်ခြင်းအား ကန့်သတ်သည့်အမိန့်ကို သာသနာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်ဆိုသည့် စာတစ်စောင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

လိုင်စင်မလျှောက်ဘဲ ဗေဒင်နှင့် အကြားအမြင် ဟောတမ်းထုတ်သူများကို အရေးယူမည်ဟု ယင်းစာတွင် ဖော်ပြထားသည်။

စာပျံ့နှံပြီး နောက်တစ်ရက်တွင် ယင်းစာသည် အတုဖြစ်ကြောင်း စစ်ကောင်စီ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ထုတ်ပြန်ချက်ထုတ်ပြန်လာခြင်းဖြစ်သည်။