စစ်ကောင်စီက ယခုလကုန်တွင် ထုတ်ဝေမည်ဟု ကြေညာလိုက်သည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ရွှေစျေးနှင့် ဘတ်စျေးများ ခုန်တက်သွားပြီး ရွှေဆိုင်များက ဈေးမဖွင့်ဘဲ အခြေအနေ စောင့်ကြည့်နေကြသည်။
ယမန်နေ့ကမူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးဆယ်ငါးသိန်း အထိတိုးပြီး ဈေးဖွင့်ခဲ့သော်လည်း ရွှေဆိုင်များက အရောင်းရပ်ထားကြသည်။
ထိုင်းဘတ်ဈေးမှာ ခုန်တက်သွားပြီး ဓာတ်ဆီဈေးလည်း ဆက်တိုက်တက်နေသည်။
ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက် ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။