မြိတ်မြို့တွင် ဒိုင်နမိုပြုပြင်ရေးဆိုင်ဖွင့်ထားသည့် နေအိမ်တစ်လုံး ယနေ့ ဇွန်လ ၂၄ ရက် နံနက်တွင် မီးလောင်ကြောင်း မြိတ်ခရိုင်၊ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မြိတ်တောင်နယ်မြေ၊ မြို့သစ် ၇ ရပ်ကွက်၊ ဦးမြတ်လေးလမ်းရှိ အဆိုပါနေအိမ်သည် ယနေ့ နံနက် ၆ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းကြောင်း ဆိုသည်။
လျှပ်စစ် ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးမှူးက ပြောသည်။









မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း နှစ်ထပ်လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဇွန်လ ၄ ရက်ကလည်း မြိတ်မြို့၊ အင်းလေမြိုင်ရပ်ကွက်ရှိ ရေစကြိုစားသောက်ဆိုင်တွင် ဂတ်စ်အိုးယိုစိမ့်ရာက မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။