BREAKING
January 23, 2025

ဆန်နှင့် ကြက်သွန်ဖြူဈေးတက်နေသည့် ထားဝယ်ဈေးကွက်

May 24, 2024

ထားဝယ်ဈေးကွက် ယခုအပတ် ရန်ကုန် ဈေးကွက်မှတစ်ဆင့် တင်သွင်းသည့် ဆန်နှင့်ကြက်သွန်ဖြူ ဈေးတက်နေသည်။

အကယ်ဒမီ ရက်ကိုးဆယ်အမျိုးအစား ဆန်တစ်အိတ်လျှင် ယခင်အပတ်က ၁၁၁၀၀၀ ကျပ်မှယနေ့ ၁၁၄၀၀၀ ကျပ် သို့ဈေးတက်သွားခြင်းဖြစ်သည်။

တစ်ပတ်အတွင်းဆန်တစ်အိတ် ၃၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

အကယ်ဒမီ အစိမ်းရောင် တံဆိပ်အမျိုးအစား ဆန်နှင့်အနီရောင်တံဆိပ် အမျိုးအစား ဆန်များမှာ နှစ်ပတ်ဆက်တိုက် ဈေးကွက်အတွင်းပြတ်နေသည်။

ကြက်သွန်ဖြူဈေးများမှာလည်း ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နေသည်။

ကြက်သွန်ဖြူထူး‌ လေး တစ်ပိဿာ ယခင်အပတ်က ၉၀၀၀ ကျပ်မှယနေ့ ၁၂၀၀၀ကျပ်၊ကြက်သွန်ဖြူထူးငါးတစ်ပိဿာဈေးနှုန်း ယခင်အပတ်က ၁၀၅၀၀ကျပ်မှယနေ့ ၁၂၀၀၀ကျပ် ၊ကြူကုတ်တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ယနေ့ ၁၅၀၀၀ကျပ်သို့ ဈေးတက်သွားသည်။

အမျိုးအစားလိုက်၍ တစ်ပတ်အတွင်း ကြက်သွန်တစ်ပိဿာ ၁၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဈေးတက်သွားခြင်းဖြစ်သည်။

ကုန်ပစ္စည်းသယ်ယူရာတွင် လမ်းခရီးတွင် ရက်ကြာလာသည်နှင့်အမျှ စရိတ်ကလည်း ပိုများလာသည့်အတွက် ဈေးတက်ရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ စားသုံးကုန်စည် ဖြန့်ဖြူးရောင်းချသူများကပြောသည်။

မေလ ၁၁ ရက်နေ့တွင် ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားမိုင်းခွဲခံရပြီး နောက် ၁၂ ရက်အကြာတွင် နောက်ထပ်တံတားတစင်း ထပ်မံမိုင်းခွဲခံရခြင်းကြောင့် တောင်ပိုင်းဒေသများသို့ ကုန်စည်းဆင်းမှုများ ကြန့်ကြာနေ ရခြင်း ဖြစ်သည်။

ထားဝယ်မြို့ ရေထွက်ကုန်ဈေးကွက်တွင် ငါးပုစွန်ဈေးနှုန်းများကျနေသည်။

ရာသီဥတုအခြေအနေကြောင့် ကမ်းဝင်သည့်လှေများလာသည့်အတွက် ငါးပုစွန် အဝင်များပြီး ဈေးအနည်းငယ်ကျနေခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ဈေးကွက်ထံမှ စုံစမ်းသိရှိသည်။