ပါလက်စတိုင်းအာဏာပိုင်အဖွဲ့( PA) ၏ ဥက္ကဋ္ဌဖြစ်သူက ဟားမတ်စ်အဖွဲ့ကို ‘ခွေးသားတွေ’ဟု ပထမဆုံး အတိအလင်း ခေါ်ဝေါ်ရှုတ်ချလိုက်သည်။
ယမန်နေ့ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်လိုက်သည့် ၎င်း၏ ရုပ်မြင်သံကြား မိန့်ခွန်းထဲတွင် မားခ်မူးဒ်အက်ဘားစ်က ယင်းသို့ ခေါ်ဝေါ်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။
ဂါဇာတွင် ကျန်ရှိနေသည့် အစ္စရေးဓားစာခံများကို ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးရန် ၊ ဟားမတ်စ်အဖွဲ့အနေဖြင့် ကိုယ်တိုင်လက်နက်ဖြုတ်သိမ်းရန်လည်း ၎င်းက ဖိအားပေးတောင်းဆိုလိုက်သည်။
လက်ရှိ ဂါဇာခံစားနေရသည့် အစ္စရေး၏ လူမျိုးတုန်းသတ်ဖြတ်မှုကို ရပ်တန့်စေရေးမှာ အဓိကဦးစားပေးအရာဖြစ်သည်ဟု မားခ်မူးဒ်အက်ဘားစ်က ဆိုသည်။
အစ္စရေးဓါးစာခံများကို ထိန်းသိမ်းထားခြင်းက အစ္စရေးအဖို့ ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် အကြောင်းပြချက်ပေးစရာ ရစေသည်ဟု ၎င်းက ပြောသည်။
“ခွေးသားတွေ ၊ ဓားစာခံတွေကို ပြန်လွှတ်ပေးကြပါ။ သူတို့ (အစ္စရေး)တွေ အကြောင်းပြချက် ပေးစရာမရအောင် တားဆီးကြပါ” ဟု မားခ်မူးဒ်အက်ဘားစ်က ရုပ်မြင်သံကြားမိန့်ခွန်းမှတစ်ဆင့် ယင်းသို့ ပထမဆုံးအကြိမ် ပြောကြားခဲ့သည်။
မကြုံစဖူး ထူးခြားသည့် အဆိုပါ ရှုတ်ချပြောဆိုမှုမှာ ဟားမတ်စ်အဖွဲ့အပေါ် ၎င်း၏ ပထမဆုံး လူသိရှင်ကြား ဝေဖန်ရှုတ်ချမှု ဖြစ်သည်။
အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား အပစ်ရပ်ဆွေးနွေးပွဲများ တိုးတက်မှုရရန် တွန်းအားပေးလာကြချိန် အဆိုပါ လူသိရှင်ကြား ဝေဖန်ရှုတ်ချစကား ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဟားမတ်စ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရေးကို အီဂျစ်အစိုးရကလည်း မကြာသေးမီက အဆိုပြုထားခဲ့သည်။
မားခ်မူးဒ်အက်ဘားစ်၏ မိန့်ခွန်းထဲတွင် ပါလက်စတိုင်းနိုင်ငံထူထောင်ရေး မျှော်ရည်ချက်ကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး ဂါဇာစစ်ပွဲအဆုံးသတ်ရေး တောင်းဆိုတိုက်တွန်းခဲ့သည်။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) အောက်တွင် ပါလက်စတိုင်းနိုင်ငံရေး အင်အားစုအားလုံး စုစည်းညီညွတ်ကြရန်လည်း ၎င်းက လှုံ့ဆော်တိုက်တွန်းခဲ့သည်။
“ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားမှုကို ဟားမတ်စ်အဖွဲ့က စွန့်လွှတ်ရန် ၊ ဂါဇာအရေးအရာအားလုံးကို ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ဆီ တာဝန်လွှဲပြောင်းပေးရန် ၊ အဖွဲ့ကို လက်နက်ဖြုတ်သိမ်းပြီး ပါလက်စတိုင်းဥပဒေနဲ့ နိုင်ငံတကာစည်းမျဉ်းတွေကို လေးစားလိုက်နာတဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် အသွင်ပြောင်းလဲရန်တို့ကို ၎င်းက တိုက်တွန်းခဲ့သည်။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) သည် ၁၉၉၃ ခုနှစ်တွင် အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့သည့် နိုင်ငံရေးပါတီများ ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။
ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးနောက် PLO သည် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ( PA) အဖြစ် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခဲ့သည်။ ပါလက်စတိုင်းနိုင်ငံ ထူထောင်မည်ဟူသော ကတိကဝတ်ဖြင့် အစိုးရသစ် ဖွဲ့စည်းခဲ့သော်လည်း ယင်းကတိကဝတ်မှာ လက်ရှိအချိန်အထိ အကောင်အထည်ပေါ်မလာသေးပေ။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) နှင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) နှစ်ခုစလုံးကို မားခ်မူးဒ်အက်ဘားစ် ဦးဆောင်သည့် Fatah ပါတီက လွှမ်းမိုးထားသည်။
ဟားမတ်စ်အဖွဲ့သည် ဂါဇာကို ၎င်းတို့ ထိန်းချုပ်လိုက်သည့် ၂၀၀၇ ခုနှစ်မှစ၍ ပါလက်စတိုင်းများ၏ အရေးတော်ပုံကို ဆိုးဆိုးရွားရွား ထိခိုက်လာစေခဲ့သည်ဟု မားခ်မူးဒ်အက်ဘားစ်က ၎င်း၏ မိန့်ခွန့်ထဲတွင် ထည့်သွင်းပြော
Source: CNN