ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေကြတာ ၇၆ ရက်မြောက်ရှိပါပြီ။
ဆန္ဒပြသူများက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြကြတဲ့ပြည်သူလူထုများက အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ N U Gကိုလည်း ထောက်ခံကြိုဆိုခဲ့ကြပါတယ်။




