ယနေ့(မတ်၂၄) တပေါင်းလပြည့်နေ့ မနက်ပိုင်း ထားဝယ်မြို့ ရွှေတောင်စားစေတီတော် နှင့် လောကမာရဇိန်ဘုရားကြီးတို့တွင် မြင်တွေ့ရသောမြင်ကွင်းများကို ဖော်ပြပေးလိုက်ပါသည်။
ဗုဒ္ဓပူဇနိယပွဲအနေဖြင့် ဘုရားကြီးဂေါပကက ပဌာန်းပွဲကျင်းပခြင်း အပြင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ နှင့် ရပ်ကွက်ဆွမ်းလောင်းအသင်းများကလည်း မယ်ဇလီဟင်းချို စတုဒီသာကျွေးမွေး လှူဒါန်းခဲ့ကြသည်။
သို့သော်ကိုဗစ်မတိုင်မီကာလများကကဲ့သို့ ထားဝယ်ဘုရားကြီး၏ တပေါင်းပွဲတော်ကို ပွဲလမ်းသဘင်များဖြင့် မကျင်းပနိုင်သည်မှာ ၅ နှစ်ရှိပြီဖြစ်သည်။















