BREAKING
September 21, 2024

ဆန်ဈေးတက်လာသည့် မြိတ်ကုန်စည်ဈေးကွက်

March 24, 2023

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ယခုအပတ်၌ ဆန်ဈေးနှုန်း မြင့်တက်လာသည်။

၂၄ ပြည်ပါ ဆန်ကြမ်းတစ်အိတ်လျှင် ယခင်အပတ်က ၆၂၀၀၀ ကျပ်ဈေးရှိရာမှ ၃၀၀၀ ကျပ်တက်လာသဖြင့် ယခုအပတ်တွင် ၆၅၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။

ဆန်ထဲတွင် အကောင်းဆုံးအမျိုးအစား ရွှေဘိုပေါ်ဆန်မွှေးတစ်အိတ်လျှင် ယခင်အပတ်ထက် တစ်သောင်းကျပ် တက်လာသဖြင့် ၁၁၀,၀၀၀ ကျပ်ဖြစ်လာသည်။

ဆယ်ပိဿာပါ စားအုန်းဆီ ပုံးဝါတစ်ပုံးလျှင် ယခင်အပတ်ထက် တစ်ထောင်ကျပ်တက်လာသဖြင့် ၆၅၀၀၀ ကျပ် ရှိနေသည်။

ရေထွက်ကုန်တစ်ခုဖြစ်သည့် ပုစွန်ချောအလတ်ဈေးသည် ယခင်အပတ်က ၂၀၀၀၀ ကျပ်မှ ယခုအပတ်တွင် ၁၇၀၀၀ ကျပ်၊ ပုစွန်ချောငယ်ဈေးသည် ယခင်အပတ်က ၁၇၀၀၀ ကျပ်မှ ယခုအပတ်တွင် ၁၄၀၀၀ ကျပ်သို့ ဈေးနှုန်း ကျဆင်း လာခဲ့သည်။

ကျန်ကုန်စည်အချို့ဖြစ်ကြသည့် ငရုတ်သီးခြောက်၊ ပုစွန်ခြောက်များ၊ ကြက်သား၊ ဝက်သား၊ အမဲသားတို့ ဈေးနှုန်းတို့ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်။