တနင်္သာရီတိုင်းအတွင်းသို့ လာရောက်မည့် ဘုရားဖူးယာဉ်ကြီးများကို မတ်လ ၂၄ ရက် မနက်ပိုင်းမှစတင်ကာ ဝင်ရောက်ခွင့် မပြုတော့ကြောင်း Corona Virus 2019 (Covid-19) အဆုတ်ရောင်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ကုသရေး ဦးဆောင်ကော်မတီ၏ ဥက္ကဋ္ဌ ဝန်ကြီး ဦးဟိုပင်က ပြောသည်။
ဘုရားဖူးလာသည့် မှန်လုံယာဉ်ကြီးများကို တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် နယ်စပ်ဖြစ်သည့် မလွှဲတောင်စစ်ဆေးရေးဂိတ်မှ စတင်ကာ ဝင်ခွင့်မပြုကြောင်း ဦးဟိုပင်က ဆိုသည်။
“ကုန်ကားတွေ၊ ခရီးသည်ကားတွေတော့ မပါသေးဘူး၊ လောလောဆယ် ဘုရားဖူးကားကြီးတွေပေါ့လေ”ဟု ၎င်းက ပြောသည်။