BREAKING
September 19, 2024

တပို့တွဲလပြည့် ထားဝယ်ရိုးရာ ဘုရားမီးပူဇော်ပွဲ

February 24, 2024

ဓာတ်ပုံ - ပေးပို့

ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် နှင့် လောင်းလုံးမြို့နယ် တို့တွင် ယနေ့(ဖေဖော်ဝါရီ၂၄) တပို့တွဲ့လပြည့်ည ၌ ပြုလုပ်သည့် ဘုရားမီးကမ်(ဘုရားမီးပူဇော်ပွဲ) ကျင်းပသည့် ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။

လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာတွင် ကိုဗစ်ကာလနောက်ပိုင်းရပ်နားထားသည့် ဘုရားမီးကမ်ပွဲကို ရွာသူရွာသားများစုပေါင်း၍ ယခုနှစ်တွင်ပြန်လည်ကျင်းပခဲ့သည်။

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင်လည်း ဘုရားမီးကမ်ပူဇော်ပွဲကို အစဥ်အလာမပျက် ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုရွာတွင်ပြုလုပ်ခဲ့သည်။

ဘုရားရှင်အား အနွေးဓာတ်ရစေရန် ရည်ရွယ်ချက်ဖြင့် ဝါးများ၊ အမွှေးနံ့သာများ၊အုန်းခက်များ၊မီးလောင်နိုင်သည့်အပင်များကို စေတီပုံစံစုပုံ၍ မီးရှို့ပူဇော်ကြခြင်းဖြစ်သည်။

ဘုရားမီးကမ်ပွဲကို ထားဝယ်ဘုရင် ဝေဒီမင်းကြီးလက်ထက်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ် ၊ ဝံတွင်းရွာနှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီးဘုရားကြီး နှစ်နေရာတွင် ကိုဗစ်မတိုင်မီကာလအထိ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြသည်။

ထားဝယ်ဒေသက ဘုရားမီးကမ်ပွဲနှင့်အလားတူ ပြည်မြို့၊ရွှေဆံတော်ဘုရားတွင်လည်း ဉာဏ်ရိုးမီးပူဇော်ပွဲကို တပို့တွဲလပြည့်ညတိုင်းကျင်းပလေ့ရှိသည်။