BREAKING
February 23, 2025

တနင်္သာရီတိုင်းတွင် မိုးထပ်ရွာမည်၊ မိုးကြိုးအန္တရာယ်သတိထားရန် မိုးဇလသတိပေး

February 24, 2022

အရှေ့ဘက်မှ ‌ရွေ့လျားလာသည့် လေပွေလှိုင်းကြောင့် တနင်္သာရီတိုင်းတွင် မိုးထပ်ရွာမည်ဖြစ်ပြီး မိုးကြိုးအန္တရာယ် သတိထားရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်နေ့အတွင်း တနင်္သာရီတိုင်းတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၄) ထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး‌ကြွေသည့် အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်း သတိပေးထားသည်။

ပြီးခဲ့သည့် အပတ်ကလည်း တနင်္သာရီတိုင်းအတွင်း နေရာအများစုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ သေးသည်။

ယင်းသို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် တိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက် အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးကူညီသူများက ပြောဆိုထားသည်။