BREAKING
September 20, 2024

အစိုးရဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများ ပုံမှန်အတိုင်း ဟုဆို

February 24, 2021

တင်ဒါစနစ်ဖြင့်လုပ်ကိုင်သည့် အစိုးရတင်ဒါလုပ်ငန်းများ ပုံမှန်အတိုင်း လုပ်ဆောင်နေသည်ဟု တနင်္သာရီတိုင်း ဒေသကြီးဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းမင်း လတ်က ပြောကြားသည်။

တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအဝန်းဆန္ဒပြမှုများ ဖြစ်ပေါ်နေသော်လည်း တင်ဒါစနစ်ဖြင့်သွားသည့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ လုပ် ငန်းရပ်နားထားခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ လုပ်ဆောင်နေသည်ဟု ဦးကျော်မင်းမင်းလတ် က ဆိုသည်။

“အစိုးရအဖွဲ့လည်း အခုမှ တက် ခါစဆိုတော့ ကျွန်တော်တို့ ပြီးရင်တော့ မေးမှာပါ အသင်းအနေနဲ့ရောလေ။ အရင်အတိုင်းပဲ ငွေပေးချေမှုစနစ် အတိုင်းပဲ သွားမှာလား၊ ဘယ်လိုပြောင်း လဲမှုရှိလဲဆိုတာတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း အတိအကျ မသိသေး ပါဘူးဗျ”ဟု ဦးကျော်မင်းမင်းလတ်က ဆိုသည်။

လုပ်ငန်းများကိုလည်း ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်ရန်ကိုသာ ပြောထားသည်ဟု ဦးကျော်မင်းမင်းလတ် က ပြောသည်။

အစိုးရဌာနအချို့၏ တင်ဒါလုပ် ငန်းအချို့မှာ အစိုးရအဖွဲ့အစည်းအဝေး တင်ထားသည့်အဆင့်၊ တင်ဒါအောင် ပြီးသည့်အဆင့်တွင်သာရှိသေးပြီး အချို့လုပ်ငန်းများမှာမူ လုပ်ကိုင်နေသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံအဝန်းဆန္ဒပြမှုများ ဖြစ်ပေါ်နေသဖြင့် တင်ဒါလုပ်ငန်းအချို့မှာ လုပ်ငန်းရပ်နားထားသည်ဟု ထားဝယ်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။