ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီက ထိုင်းရိုးရာဘုရားပွဲမှာ မြန်မာတွေ ဝင်ရောက်ဆင်နွှဲလေ့ရှိတာက ၁၅ နှစ်လောက်ရှိလာပါပြီ။
နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲလို ရိုးရာပွဲတော်တစ်ခုကို စူရတ်ဌာနီမြို့မှာ အောက်တိုဘာလတိုင်းနှစ်စဉ် ကျင်းပလေ့ရှိတာပါ။
အဲဒီဘုရားပွဲမှာ အမိမြေက ရိုးရာပွဲတွေကို လွမ်းနေကြတဲ့ မြန်မာတွေလည်း ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။