BREAKING
September 7, 2024

ဇူလိုင်လ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

July 23, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

– စစ်ကောင်စီတပ်ရဲ့သ တ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၄၀၀ နီးပါးရှိလာတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်တဲ့အကြောင်း

– လားရှိုးမှာ ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်လက်နက်ချလိုက်တဲ့သတင်း

– ကလိန်အောင်-ကံပေါက်လမ်းပိုင်းမှာ မောရဝတီရေတပ်အရာရှိလိုက်ပါလာတဲ့ကား မိုင်းဆွဲခံရတဲ့သတင်း

– ဘုတ်ပြင်းရေပြင်ကမ်းနီးမှာ ကမ်းဝေးဝါလတ်လှေတွေ အစုလိုက်အပြုံလိုက် ငါးဝင်ဖမ်းနေတဲ့အခြေအနေ

– စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူလိုက်တဲ့အကြောင်း

– ရေဖြူမှာ ခွေးရူးပြန်ရောဂါကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့အကြောင်း အပါအဝင်

– ထိုင်းမြောက်ပိုင်းမှာ ရွှေဆိုင်က လက်စွပ်လုပြေးတဲ့ မြန်မာတစ်ဦးအဖမ်းခံရတာ

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။